ဆုံမှတ်
Sunday, 8 March 2015
Sunday, 28 December 2014
တရားမထိုင်မီ ပရိကံပြုရန်
တရားမထိုင်မီ ပရိကံပြုရန်
နမော တဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (၃ – ခေါက်ဆို)
ဗုဒ္ဓံသရဏံဂစ္ဆာမိ – ဓမ္မံ သရဏံဂစ္ဆာမိ – သံဃံသရဏံဂစ္ဆာမိ
ဒုတိယမ္ပ ဗုဒ္ဓံသရဏံဂစ္ဆာမိ – ဓမ္မံ သရဏံဂစ္ဆာမိ – သံဃံသရဏံဂစ္ဆာမိ
တတိယမ္ပိ ဗုဒ္ဓံသရဏံဂစ္ဆာမိ – ဓမ္မံ သရဏံဂစ္ဆာမိ – သံဃံသရဏံဂစ္ဆာမိ
မြတ်စွာဘုရား ဘုရားတပည့်တော်တို့သည် ယခုတရားအားထုတ်ဆဲ အခါ၌ မြတ်စွာဘုရားအား နိဗ္ပာန်ကို ရည်မှန်း၍ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို လှူဒါန်းပါ၏ ကပ်လှူပါ၏ ပူဇော်ပါ၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး လှူဒါန်းရတဲ့ အကျိုး မဂ်ဥာဏ် ဖိုလ်ဥာဏ် နိဗ္ဗာန်ဥာဏ် နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။
ကမ္မဌာန်းဆရာဖြစ်သော အရှင်သူမြတ်ဘုရား ဘုရားတပည့်တော်တို့သည် ယခုတရားအားထုတ်ဆဲ အခါ၌ ဆရာတော်ဘုရားအား နိဗ္ဗာန်ကိုရည်မှန်း၍ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးကို လှူဒါန်းပါ၏ ကပ်လှူပါ၏ ပူဇော်ပါ၏ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး လှူဒါန်းရတဲ့ အကျိုး ဆရာတော်ဘုရား၏ သိအပ်သော ဓာတ်တရား၊ ရုပ်တရား၊ နာမ်တရား၊ ပရမတ်တရား ၊ သစ္စာတရားတို့ကို ဘုရားတပည့်တော်တို့အား ပေးသနားတော်မူပါ့ အရှင်ဘုရား။
ဘုံသုံးဆယ့်တစ် ရှိရှိသမျှ သတ္တ၀ါအပေါင်းတို့ကို ကုန်းမှာနေ ကိုးကုဋေ ရေမှာနေ ဆယ်ကုဋေ ကုန်းသတ္တ၀ါ ရေသတ္တ၀ါ သဗ္ဗေသတ္တာ သတ္တ၀ါအပေါင်း စင်္ကြာဝဠာတံတိုင်း သီတာပတ်ကုံး ကုန်းမကျန် ရေမကျန် အထက် ဘ၀ဂ် အောက်အ၀ီစိအထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျသတ္တ၀ါအပေါင်း ကျွန်ုပ်တို့၏ ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တွေကို ကျွန်ုပ်တို့နှင့် ထပ်တူထပ်မျှ ညီတူညီမျှ ရကြရအောင် အားလုံး ကြားကြားသမျှ အမျှ ..အမျှ.. အမျှ ယူတော်မူကြပါကုန်လော
အရိယာသူတော်ကောင်းများ ပို့သသော မေတ္တာ ပေးဝေသောအမျှကိုလည်း အကျွန်ုပ်တို့က ၀မ်းမြောက်ဝမ်းသာ နှင့် သာဓု ..သာဓု.. သာဓု
မြတ်စွာဘုရား ဘုရားတပည့်တော်သည် အတိတ်သံသရာဘ၀အဆက်ဆက်မှစ၍ ယနေ့ထိတိုင်အောင် သူတစ်ထူး တို့အပေါ်၌ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ပြစ်မှားခဲ့သည့်အပြစ်များကို ခွင့်လွှတ်တော်မူပါ သည်းခံတော်မူပါ ကျေအေး တော်မူပါ အရှင်ဘုရား။ သူတစ်ထူးတို့မှလည်း အတိတ်သံသရာဘ၀အဆက်ဆက်မှစ၍ ယနေ့ထိတိုင်အောင် ဘုရားတပည့်တော်အပေါ်၌ ကာယကံမှု ၀စီကံမှု မနောကံမှု ပြစ်မှားခဲ့ သည့်အပြစ်များကို ဘုရားတပည့်တော်ကလည်း ခွင့်လွှတ်ပါ၏ သည်းခံပါ၏ ကျေအေးပါ၏ အရှင်ဘုရား။
တရားထိုင်ပြီး အမျှဝေရန်
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ် ၀ိပဿာနာအကျင့်မြတ်ဖြင့် ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ် ၀ိပဿာနာအကျင့်မြတ်ဖြင့် ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ် ၀ိပဿာနာအကျင့်မြတ်ဖြင့် သံဃံ သဃာတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ် ၀ိပဿာနာအကျင့်မြတ်ဖြင့် မာတာပိတုနံ မိဘတို့ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ လောကုတ္တရာ တရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ် ၀ိပဿာနာအကျင့်မြတ်ဖြင့် အာစရိယနံ ဆရာသမားတို့ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ကျွန်ုပ်တို့သည် တစ်ခုတည်းသော ချမ်းသာအစစ်ဖြစ်သော နိဗ္ဗာန်ချမ်းသာအတွက် ရည်စူး၍ ယခုအချိန်ထိ ပြုလုပ်ခဲ့သမျှ ဒါနကုသိုလ် ၊ ဆောက်တည်ခဲ့သမျှ သီလကုသိုလ် ၊ပွားများ အားထုတ်ခဲ့သမျှ သမထ ၊ ၀ိပဿနာ ကုသိုလ် ဤကုသိုလ်ကောင်းမှု အစုစုတို့၏ အဖို့ပါကကို ၃၁ ဘုံ၌ ကျင်လည်ကျကုန်သော လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့အား အမျှ အမျှ အမျှ ပေးဝေ ငှပါကုန်၏ ယူတော်မူကြပါကုန်လော့…၀မ်းမြောက် ၀မ်းသာ သာဓု ခေါ်ဆိုနိုင်ကြပါစေ…
ကုသိုလ် အမျှ အမျှ အမျှ …သာဓု သာဓု သာဓု………..

(http://thonsethar.wordpress.com/) မှတဆင့် မျှဝေဖော်ပြပါသည်။
Suka · Komentari
Saturday, 25 October 2014
(ဂျစ်ပစီမိုးတိမ်)
ဒီသီချင်းကိုနားထောင်မိတိုင်းဟိုး...လွန်ခဲ့တဲ့ ကလေးဘဝကိုပြန်သတိရမိ....
အမေကလက်ကိုဆွဲကျောင်းပို့တဲ့အခါတိုင်း တွန့်ဆုတ်တွန့်ဆုတ်နဲ့တရွတ်တိုက်
ကျောင်းသို့သွားရလေ၏...ကျောင်းကဆင်းသော်..နိုင်ငံတော်သီချင်းဆုံးတာနဲ့တပြိုင်နက်
ရေ့ဆုံးမှအရင်ပြေးထွက်လေ၏..အင်မတန်လိမ္မာသောအကျနုပ်သည် ၈တန်းလောက်မှစ
၍မိဘအား ကျောင်းအသုံးအဆောင်စာအုပ်လွယ်အိပ်အစရှိသည်
တို့အားမဝယ်ခိုင်းတော့ချေ...ဒီဇိုင်းတစ်မျိုးနဲ့ကျောင်းတက်လေ၏ ဗလာစာအုပ်တစ်အုပ်
တည်းမှာပဲ ဘာသာပေါင်းစုံအား ရေးလေ၏..စာအုပ်နာမည်ကပေါင်းစုံ
ဖြစ်လေ၏..လွယ်အိတ်မလို ကြွပ်ကြွပ်အိတ်နဲ့ထည့်ကာခါးထိုး၍ကျောင်း
တက်သည်ကို တချို့သောကျောင်းသားတို့လည်းအားကျကာ
လိုက်လုပ်ကြလေ၏ အကျနုပ်၏မမျော်လင့်ပဲလုပ်လိုက်သည့်လုပ်ရပ်သည်
လွယ်အိတ်လှလှမက်မောနေသောကျောင်းသားများကပါလွယ်အိတ်မလိုအပ်တော့ချေ။
ထိုသူတို့မိဘများအကျနုပ်အားကျေးဇူးတင်သင့်လေ၏
..တနေ့သော် ဆရာမတယောက်က စာအုပ်ထပ်ခိုင်းလေသောအခါ
အကျနုပ်ဒုက္ခရောက်လေ၏..ထိုဆရာမသည်လည်းဒေါသထွက်၍အကျနုပ်အား
ဗျင်းလေတော့သည်။
ထိုစာအုပ်ထဲတွင်ရှိသောအကျနုပ်ရင်တွင်းဖြစ်ကဗျာတွေကိုဆရာမကရွတ်ပြခိုင်းလေရာ
အသံနေအသံထားဖြင့်အချစ်ကဗျာများအားရွတ်ပြ ခဲ့ဘူးလေ၏..အင်း..အတိတ်မှာကျန်ခဲ့
ဟိုးအတိတ်ကအရိပ်တွေ.......... video ကြည့်ရန်နှိပ်ပါ.http://youtu.be/7O8h6QeXl_0
ကောသလမင်းအိမ်မက်(၁၆)ချက်
ကောသလအိပ်မက် ၁၆ ချက်
အမေး ၁။
နွားနက် လေးကောင်ဟာ ဝှေ့မယ်ဟန်ပြင်ပြီး အရပ်လေးမျက်နှာက မင်းရင်ပြင်ကို ရောက်လာတယ်။ နွားဝှေ့တာကြည့်မယ်ဆိုပြီး လူတွေလာတော့ နွားတွေက ဝှေ့မယ် ဟန်ပြပြီး မဝှေ့ဘဲ အော်ဟစ်ကြုံးဝါးကာ ပြန်ထွက်သွား ကြတယ်။ အဖြေ ၁။
နောင်အခါ တရားမရှိတဲ့ မင်းဆင်းရဲတွေနဲ့ တရားမရှိတဲ့ လူတွေရဲ့လက်ထက်မှာ လောက ပြောင်းပြန်ဖြစ်တဲ့အခါမှာ ကုသိုလ်နည်းပြီး အကုသိုလ်များလာတဲ့အခါမှာ လောကပျက်စီး ဆုတ်ယုတ်လာတဲ့အခါမှာ မိုးကောင်းကောင်း မရွာဘဲဖြစ်လိမ့်မယ်။ ကောက်ပင်တွေ ညှိုးလိမ့်မယ်။ အစား အစာရှားပါးလိမ့်မယ်။ မိုးက ရွာမလိုလိုနဲ့ အရပ်လေးမျက်နှာကနေ အုံ့ဆိုင်းလာလိမ့်မယ်။ အဲဒီအခါ လူတွေအားလုံးက ကောက်ပဲသီးနှံတွေ စိုက်ပျိုးဖို့ အစွမ်းကုန် ပြင်ဆင်ပါလိမ့်မယ်။ ဒါပေမယ့် မိုးက ခြိမ်းရုံ ခြိမ်းပြီ မရွာဘဲ သွားလိမ့်မယ်။ အမေး ၂။
သစ်ပင်ငယ် ခြုံငယ်တွေက ပေါက်လာပြီး တစ်ထွာတစ်တောင်လောက်မှ မမြင့်သေးဘဲနဲ့ သီးပွင့်ကြတယ်။ အဖြေ ၂ ။
နောင်အခါ သတ္တ၀ါတွေဟာ ရာဂကြီးလိမ့်မယ်။ မိန်းမတွေဟာ အရွယ်မရောက်ခင်မှာပဲ ယောကျာ်းတွေနဲ့ သွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သားသမီးတွေရလိမ့်မယ်။ အမေး ၃။
နွားမတွေက သူမွေးဖွားပြီးခါစ နွားငယ်လေးရဲ့ နို့ကို စို့နေတယ်။ အဖြေ ၃။
နောက်နောင် လူတွေဟာ အရှက်တွေ မဲ့လာပြီး မိဘကို ရိုသေရမှန်း မသိဖြစ်လာလိမ့်မယ်။ မိဘတွေဟာ ခိုကိုးရာ မဲ့လိမ့်မယ်။ အမေး ၄။
အားကောင်းတဲ့နွားတွေကို လှည်းတပ်ပြီး ၀န်မသယ်ခိုင်းပဲ နွားငယ်လေးတွေကို လှည်းတပ်ပြီး ၀န်တွေ သယ်ခိုင်းနေတယ်။ နွားငယ်တွေကလည်း မရုန်းဘူး အဖြေ ၄။
နောင်အခါ တရားမရှိတဲ့ မင်းတွေက ပညာတတ်အမတ်တွေကို ဘေးဖယ်ထားပြီး အလွန်ငယ်တဲ့သူတွေကိုသာ ချီးမြှောက်လိမ့်မယ်။ လူငယ်တွေကလည်း နိုင်ငံ့တာဝန်ကို မထမ်းဆောင်နိုင်ပဲ ဖြစ်နေပါလိမ့်မယ်။ အမေး ၅။
မျက်နှာနှစ်ဖက်ပါတဲ့ မြင်းကို နှစ်ဖက်စလုံးက အစာကျွေးနေတယ်။ မြင်းကလည်း နှစ်ဖက်လုံးက အစာကို စားတယ်။ အဖြေ ၅။
နောင်အခါ တရားမရှိတဲ့ မင်းမိုက်တွေ အုပ်ချုပ်တဲ့အခါ တရားကို သူတို့အလိုအတိုင်းပြုမူလိမ့်မယ်။ တရားတဘောင်ကို လာဘ်နှစ်ဖက်စားပြီး ဆုံးဖြတ်လိမ့်မယ်။ အမေး ၆။
လူတွေက တစ်သိန်းတန်ရွှေခွက်ကို သန့်နေအောင်လုပ်ပြီး မျောက်ကို ကျင်ငယ်စွန့် (သေးပေါက်) ထည့်ခိုင်းတယ်။ အဖြေ ၆။
နောင်အခါ အမျိုးယုတ်တဲ့မင်းတွေက အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ ချမ်းသာကြွယ်ဝသူများက မင်းလိုလိုက် မင်းကြိုက်ဆောင်ပြီး မတန်တဆလာဘ်လာဘတွေ ထိုးသိပ်ရမယ်။ အမေး ၇။
လူတစ်ယောက်ကကွပ်ပျစ်မှာနေပြီး ကြိုးကျစ်နေတယ်။ ကြိုးအဆုံးပိုင်းကို အောက်ချတဲ့အခါ အောက်က ခွေးက သူ့ကြိုးကို စားနေတယ်။ အဖြေ ၇။
နောင်အခါ ယောကျာ်းတွေက ပင်ပင်ပန်းပန်းရှာထားတာတွေကို မိန်းမတွေက အဆင်တန်ဆာ ၀တ်ဆင်ဖို့ ကြွားဝါဖို့ လောလည်ဖို့အတွက် အသုံးပြုလိမ့်မယ်။ အလုပ်လုပ်တဲ့ ယောကျာ်းရဲ့ နောက်ကွယ်မှာ လင်ငယ်နဲ့ ဖောက်ပြားလိမ့်မယ်။ လင်ကြီးရှာသမျှ လင်ငယ်အတွက် ဖြစ်လိမ့်မယ်။ အမေး ၈။
မင်းရင်ပြင်မှာ ရေမရှိတဲ့အိုးတွေ အများကြီးရံထားတဲ့ ရေပြည့်အိုး တစ်အိုးရှိတယ်။ လူတွေက ရေပြည့်အိုးထဲကိုပဲ ရေထပ်လောင်းထည့်နေကြတယ်။ အဖြေ ၈။
နောင်အခါ တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတွေဟာ ဆင်းရဲလိမ့်မယ်။ အဲဒီအခါ တိုင်းသူပြည်သားတွေကို နှိပ်စက်ပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခိုင်းလိမ့်မယ်။ အမေး ၉။
ရေကန်တစ်ကန်ရှိတယ်။ လေးဘက်လေးတန်က သတ္တ၀ါတွေ အကုန်လုံး ရေလာသောက်ပေမယ့် ရေက မနောက်ဘူး အဖြေ ၉။
နောင်အခါ မင်းတွေက တရားတဘောင်မရှိ အုပ်ချုပ်လိမ့်မယ်။ လာဘ်လာဘ စားမယ်။ အခွန်အတုတ်ကို မတရားကောက်ခံမယ်။ လူတွေကို နှိပ်စက်မယ်။ လူတွေကလည်း တရားမရှိဖြစ်လာတယ်။ လူတွေက နယ်စွန်နယ်ဖျားတွေမှာ ပိုပြီးသွားရောက်ထိုင်လိမ့်မယ်။ အမေး ၁၀။
ထမင်းအိုးက မာတစ်ဝက်။ တူးတစ်ဝက် ။ မနပ်တစ်ဝက်ဖြစ်နေတယ်။ အဖြေ ၁၀။
နောင်အခါ တရားမရှိတဲ့ မင်းတွေ အုပ်ချုပ်လိမ့်မယ်။ အဲဒီအခါ လက်အောက်ငယ်သား တွေကလည်း တရားမရှိ ဖြစ်လာမယ်။ အဲဒီကစလို့ လူတွေကလည်း တရားမဲ့လိမ့်မယ်။ အဲဒါကြောင့် မိုးကလည်း ရွာချင်တဲ့နေရာရွာ မရွာချင်တဲ့ နေရာ မရွာ ကြီးချင်တဲ့နေရာ ကြီးလိမ့်မယ်။ အမေး ၁၁။
တစ်သိန်းတန် စန္ဒကူး အနှစ်ကို သေရည်နဲ့ လဲသောက်တယ်။ အဖြေ ၁၁။
နောင်အခါ ရဟန်းတွေဟာ တရားတော်ကို ငွေကြေးဖြတ်ပြီး ဟောကြားလိမ့်မယ်။ အမေး ၁၂။
ဘူးခွံတွေက ရေထဲမြုပ်ကုန်တယ်။ အဖြေ ၁၂။
အမျိုးညံ့တဲ့သူတွေ အရှက်မရှိသူတွေ ကြီးပွားချမ်းသာလာလိမ့်မယ်။ နေရာကောင်းတွေမှာ အမျိုးညံ့သူတွေက အုပ်ချုပ်လိမ့်မယ်။ သီလမရှိသူတွေ ကျော်ကြားလိမ့်မယ်။ အမေး ၁၃။
ကျောက်ဖျာတွေက ရေပေါ်ပေါလောသွားနေတယ်။ အဖြေ ၁၃။
အမျိုးကောင်းသားတွေ ပညာတတ်တွေ အရာမရောက်ဖြစ်လိမ့်မယ်။ သီလစင်ကြယ်သူတွေ နာမည်ပျက်လိမ့်မယ်။ အမေး ၁၄။
အလွန်ငယ်တဲ့ ဖားမတွေက အလွန်ကြီးတဲ့ မြွေဟောက်တွေကို စားသောက် ၀ါးမျိုနေတယ်။ အဖြေ ၁၄။
အလွန်ကြီးတဲ့ ယောကျာ်းတွေက ရာဂအလိုကိုလိုက်ပြီး အလွန်ငယ်တဲ့ မိန်းမကိုယူမိလို့ ဒုက္ခရောက်လိမ့်မယ်။ အမေး ၁၅။
ကျီးတွေကို ရွှေဟင်္သာတွေကို ၀ိုင်းရံခစားနေတယ် အဖြေ ၁၅။
နောင်အခါ တိုင်းပြည်အုပ်ချုပ်သူဟာ စစ်ပညာမကျွမ်းကျင်လို့ စည်းစိမ်ပျက်စီးမှာ ကြောက်ပြီး လူမိုက်တွေ မွေးရလိမ့်မယ်။ ပြီးတော့ လူမိုက်ကို ဆရာတင်ထားရလိမ့်မယ်။ အမေး ၁၆။
သိုးတွေက ကျားသစ်ကို ကျွတ်ကျွတ်မြည်အောင်ဝါးနေတယ်။ ၀ံပုလွေတွေက အဝေးကနေ သိုးကို ကြောက်လန့်နေရတယ်။ အဖြေ ၁၆။
နောင်အခါ အမျိုးညံ့တဲ့သူ လူမိုက်တွေက တိုင်းနိုင်ငံကို အုပ်ချုပ်လိမ့်မယ်။ သူတို့ လိုချင်တာကို သူတို့ဟာဆိုပြီ မတရား ဆွဲငင်ယူလိမ့်မယ်။

Subscribe to:
Comments (Atom)